ရွှေမိုးညိုလို့ သူငိုနေမှာလား
ကိုယ့်အလွမ်းတွေကို
သူသိအောင်ပြောပေးပါရွှေမိုးရယ်
သူနဲ့တွေ့ခဲ့တဲ့အိပ်မက်တွေအကြောင်း
အဖြူရောင်တွေအကြောင်း
ရင်ခုန်သံတွေအကြောင်း
ကိုယ်မရေးဖြစ်ခဲ့တဲ့ (ဘယ်လိုမှရေးလို့မရတဲ့)ကဗျာတွေအကြောင်း
သူ့ဆံနွယ်လှလှလေးတွေအကြောင်း
သူ့အပြုံးချိုချိုလေးတွေအကြောင်း
ကိုယ့်တို့ရဲ့ အလွဲတွေအကြောင်းရောပေါ့
သူမြင်သာအောင် လျှပ်ပန်းလေးတွေချွေချ
သူသိအောင်ပြောပေးပါနော်။ ။
(ကျွန်မ၏ကဗျာဆရာ)

10 comments:
မိုးသည်းရင်လွမ်းလွန်းတယ်ဆိုလေမလား ကဗျာဆရာရယ်
မိုးသည်းးးးးလွန်းတယ်
ကိုယ့် အလွမ်းတွေကို
တိမ်တွေပြိုလို့ ရွှေမိုးက ငိုရတာလား
ရွှေမိုးငိုရင် ထမ်းတဲ့အလွမ်းတွေကို
သူ့ကိုယ်ပေါ်ကို ငိုချပေးပါနော်။
ဟိ
အတွန့်တက်လိုက်တာ
တိမ်တွေပြိုလို့ ရွှေမိုးက ငိုရတာလား
ရွှေမိုးငိုရင် ထမ်းတဲ့အလွမ်းတွေကို
သူ့ကိုယ်ပေါ်ကို ငိုချပေးပါနော်။
ဟိ
အတွန့်တက်လိုက်တာ
ရွှေမိုးလေးညို
အလွမ်းတွေပြိုတော့မိုးငွေ့လေးကိုလွမ်းမိပါရဲ့
ရွှေမိုးညိုတာ ကြိုက်ပေသိ
လျှပ်ပန်းတွေနွယ်ပြီး မိုးတွေထစ်ချုန်းတာတော့
အင်မတန်ကို ကြောက်၏။
တိမ်ပြိုမိုးတွေအကြောင်း မိုးတွေကတစ်ဆင့်ပြောပြနေတာ
လား ကိုရွှေကဗျာဆြာရဲ့.....:)))
ကိုယ့် အလွမ်းတွေကို
ကြိုက်၏...
မိုးရွာလေး သဘောကျပေမဲ့
မိုးခြိမ်းတာနဲ့ မိုးကြိုးပြစ်တာကိုတော့
အရမ်းကြောက်၏..
ဝါဆိုဝါခေါင်မှာကွယ် ရွှေမိုးလေးကညိုတော့ ........
ချစ်တဲ့
ငဂျာရစ်
Post a Comment