
မျက်လုံးလေးမှိတ်ပြီး နွေးထွေးစွာ အိပ်စက်လိုက်ပါ........အလွမ်းကဗျာလေးတစ်ပုဒ်တိုးတိုးကလေး ကိုယ်ရွတ်ဆိုပြမယ်.......။ ရင်ဘတ်နဲ့နားထောင်ကြည့်ပါ....ကာရံတွေလှပနေတာကို တွေ့ရလိမ့်မယ်....။
အိပ်မက်လေးလှပါစေ ....အိပ်ရေးလဲဝပါစေ....။ မနက်ခင်းနေခြည်နွေးနွေးမှာ ....လေပြေညှင်းလေးနဲ့အတူတိုးဝှေ့ပြီး ကိုယ်လာရောက်နှိုးလှည့်မယ်.....။
သာယာတဲ့နှုတ်ဆက်သံနဲ့အတူ.... နိုးထခြင်းကို ရေကြည်ချမ်းမြတစ်ခွက်နဲ့မြည်းစမ်းလိုက်ပါ.........။ ဒီလိုဆို ရင်ထဲ အေးချမ်းလို့ သန့်စင်သွားလိမ့်မယ်....။
ကိုယ်တို့ မကြာမကြာဆုံကြမယ်လေ.... ကျေးငှက်လေးတွေတွန်မြည်ကြရင်.....သစ်ပင်သစ်ရွက်တွေကိုလေတိုးကြရင်... မြက်ခင်းစိမ်းတွေဦးမော့ကြရင်.... လိပ်ပြာငယ်လေးတွေ ပျံဝဲကြရင်..... နှင်းဆီပန်းခင်းတစ်ခုလုံးမွှေးပျံ့ချိန်ကျရင်လေ.......။
ဦးတည်ရာမဲ့ ဆောင်းလေအေးတွေ ဝှေ့ရမ်းတိုက်ခတ်လိုက်သလိုပဲ...... မီးခိုးရောင်တွေကိုမြင်ရတိုင်း ကိုယ်တို့ပိုပိုဝေးသွားကြတယ်လို့ မယူဆပါနဲ့....။ စင်္ကြာလေးတွေလည်နေတာကိုကြည့်ရင်းလည်း ကိုယ်တို့မဝေးကြပါဘူး....။ များပြားလှတဲ့ လောကရဲ့ အရှုပ်အထွေးများကြားမှာ မနားမနေပြေးလွှားလှုပ်ရှားရုန်းကန်ရလို့.....ပျောက်ပျောက်သွားတတ်တဲ့ အစိမ်းရောင်ပန်းသီးလေးတစ်လုံးပါ.....။ ဒါပေမယ့် ပန်းသီးလေးက သူ့အတွက်တော့ အမြဲချိုမြပါတယ်.....။ အလွမ်းတွေကို ရင်ထဲထိုးသိပ်သိမ်းမထားချင်ပါဘူး.....။ ဒါကြောင့် ကဗျာလေးတစ်ပုဒ်အဖြစ်ဖန်ဆင်းလိုက်မယ်...။ ပြီးတော့ သူ့ဆီကို အရောက်ပို့ပေးလိုက်မယ်.....။
ကိုယ်ရွတ်ဆိုပြမယ့် အလွမ်းကဗျာလေးကို မျက်လုံးလေးမှိတ်ပြီး သေချာနားထောင်ကြည့်ပါ...... ကိုယ်...ကိုယ်တိုင် ရေးဖွဲ့သီကုံးထားတဲ့ အဲဒီအလွမ်းကဗျာလေးထဲမှာ ဘယ်လိုအရာမျိုးတွေ ပျော်ဝင်စီးဆင်းနေမလဲဆိုတာလေ.... ။
မိုးငွေ့
7 comments:
အလွမ်းသမားမို့ အလွမ်းကဗျာလာနားထောင်သွားတယ်း)း)
လွမ်းရတဲ့ရက်တွေကုန်ပါစေဗျာာာ မြန်မြန်လွမ်းခြင်းနဲ့ကင်းပြီး အဆင်ပြေပါစေး)
လွမ်းနေတဲ့သူတွေ ပိုသိမှာပေါ့နော် မမ :D
အလွမ်းဆုံးလို့ထင်ထားတာကိုယ့်ကိုကိုယ်လေ
နောက်တောင်လှည့်ကြည့်စရာမလိုတော့ဘူး အားလုံးကကိုယ့်ထက်လွမ်းတဲ့သူတွေပဲ
ချစ်တဲ့ jasmine
ရင်ဘတ်နဲ့ နားထောင်ကြည့်မိတော့ ကာရံတွေနဲ့ လှပနေတဲ့ ကဗျာတစ်ပုဒ်ကို တွေ့ လိုက်ရတယ်...
အလွမ်းလေးများ ကုန်ဆုံးပါစေ မိုးငွေ့ရေ။
အလွမ်းကဗျာလေးရင်ထဲအထိရောက်သွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မျက်လုံးလေးပြူးပြီး သေချာဖတ်သွားတယ် မိုးငွေ့ ..ကဗျာလေးက ငြိမ့်ငြောင်းစွာ စီးဆင်းနေတဲ့ စမ်းချောင်းလိုပဲ
ညင်သာပြီး သာသာယာယာရှိတဲ့ တကယ့်လှလှပပ အလွမ်း။
Post a Comment